Main menu

ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးမှူးရုံးတွင် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည်  ၂၀၂၃ခုနှစ်၊  ဒီဇင်ဘာလ( ၁၉ )ရက်နေ့ ၊ နံနက်(  ၁၀:၃၀  )နာရီ အချိန်တွင် ဒေးဒရဲမြို့နယ်၊  စားသုံးသူရေးရာဦးစီးမှူးရုံး၌  ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်( ၈ )ဦးအား   စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ၏တာဝန်များ၊ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထားသောကုန်စည်များကိုရောင်းချခြင်းမပြရန်၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှုမရှိပါက အ‌ရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။   

DOCA(ဧရာဝတီ)