Main menu

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ရုံးချုပ်တွင်ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်တွင်ကျင်းပပြုလုပ်သော စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတို့က ဆောင်ရွက်လျက်ရှိသည့် စာရင်းဇယားအချက်အလက်များနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာရင်းဇယားများကွာဟမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်၊၊

       အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-တိုင်းဦးစီးမှူးနှင့်အတူ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့တက်ရောက်ခဲ့ကြပြီး အဆိုပါတာဝန်ခံများကလည်း လုပ်ငန်းပိုင်းဆိုင်ရာစာရင်းဇယားများညှိနှိုင်း၍ ရုံးချုပ်၏ညွှန်ကြားလာမှုများအပေါ် ဆောင်ရွက်ရန်ရှိသည့်ကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်၊၊

DOCA(ဧရာဝတီ)