Main menu

ဧရာဝတီတိုင်းဒေသကြီး၌ ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (၁၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၁၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂၁ရက်နေ့၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်သော တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ စည်ပင်သာယာရေးအဖွဲ့ သက်ဆိုင်ရာအဖွဲ့ဝင်များနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပါသည်၊၊

      လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ရန်လျှောက်ထားသည့် ကွင်းဆင်းစစ်ဆေးပြီးသော လုပ်ငန်း ၃ခုဖြစ်သော ဇလွန်မြို့၊ ညောင်ပင်ဈေးရပ်ရှိ ဦးခင်ဇော်နိုင်၏ အကြီးစားအစားအစာထုတ်လုပ်ခြင်းလုပ်ငန်း၊ ဟင်္သာတမြို့၊ အေးမြသာယာရပ်ကွက်နေ ဦးကျော်ကျော်နိုင်၏ အလတ်အစားရော်ဘာနှင့် ပလတ်စတစ်ပစ္စည်းများထုတ်လုပ်မှုလုပ်ငန်း၊ မအူပင်မြို့၊ မလက်တိုကျေးရွာနေ ဦးမင်းနိုင်ဦး၏ အငယ်စားစက်နှင့်စက်ပစ္စည်းကိရိယာမှအပ သတ္တုသန့်စင်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတို့အား ပုဂ္ဂလိကစက်မှုလုပ်ငန်း ဥပဒေပုဒ်မ (၂)၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မ (၄)၊ ပုဒ်မခွဲ(က) တို့နှင့်အညီ စက်မှုလုပ်ငန်းမှတ်ပုံတင်ရန် လျှောက်ထားလာသော ဥပဒေပုဒ်မ (၁၁)၊ ပုဒ်မခွဲ( ဂ) အရ လိုအပ်သော အချက်အလက်များနှင့်ကိုက်ညီမှုရှိသဖြင့် တိုင်းဦးစီးမှူး၏ ထောက်ခံတင်ပြလာသည့်အပေါ်  အဖွဲ့ဝင်ဌာနဆိုင်ရာများက စိစစ်ခဲ့ပြီး ထောက်ခံကြောင်း သဘောထားမှတ်ချက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)