Main menu

စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးသည် စားသုံးသူများ ဘေးကင်းလုံခြုံ စိတ်ချစေရေးအတွက် မိတ်ဘက်ဌာနများနှင့် ပူးပေါင်း၍ (၁၉.၁၂.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၂)ရပ်ကွက်ရှိ မြို့မဈေးအတွင်း/ အပြင် စားသောက်ကုန် ရောင်းချသည့် ဈေးဆိုင်(၆)ဆိုင်တို့ကို မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဈေးကွက်အတွင်း နမူနာ ကောက်ယူ၍ ဓါတ်ခွဲစစ်ဆေးချက်အရ စားသုံးရန်မသင့် စားသောက်ကုန်ပစ္စည်း (၁၅)မျိုးအား ဈေးဆိုင်များတွင် ရောင်းချခြင်း ရှိ/ မရှိကို ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထို့သို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ထုတ်လုပ်ရောင်းချ/ ဖြန့်ဖြူး/ ရောင်းဝယ်/ ဖောက်ကားသူ ဈေးဆိုင်ပိုင်ရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)တွင် ပါရှိသော စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့် ပုဒ်မ(၄၀)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြထား သောကုန်ပစ္စည်းများကိုသာ စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)