Main menu

မကွေးခရိုင်နှင့် ချောက်ခရိုင်တို့တွင် စာအုန်းဆီများ ပြန့်ပြန့်နှံနှံဖြစ်အောင် ဖြန့်ခွဲရောင်းချလျက်ရှိ

Powered by Drupal

    ၂၀၂၃ ခုနှစ် ၊ဒီဇင်ဘာလမှစ၍ တိုင်းဒေသကြီး/ ပြည်နယ်များသို့ စားသုံးဆီဖြန့်ခွဲမှု အစီအစဉ်အရ မကွေးတိုင်းဒေသကြီးမှ (၁)လအတွက်ရရှိသည့် ခွဲတမ်းဆီ တန်ချိန်(၃၀၀၀)ကို တစ်ရက်လျှင် ဆီပေပါ (၇၁၀)ပေပါနှုန်းဖြင့် ရန်ကုန်မြို့ရှိ ဆီကန်များမှ နေ့စဉ်ထုတ်ယူလျက်ရှိပါသည်။

    မကွေးတိုင်းဒေသကြီးအနေဖြင့် စားအုန်းဆီများနှင့်ပတ်သက်၍ (၆.၁၂.၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၅း၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးဆောင်၍ Virtual Zoom Meeting အသုံးပြု၍ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ၊ ဆီကုန်သည်များနှင့် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးညှိနှိုင်းသဘောတူ ဆုံးဖြတ်ချက်အရ (၁၁.၁၂.၂၀၂၃) ရက်နေ့မှစ၍ မကွေးခရိုင်အတွက် တစ်ရက်လျှင် စားအုန်းဆီဆီပေပါ(၂၁၀)လုံးနှင့် ချောက်ခရိုင်အတွက် (၁၀၀)လုံးအားခွဲတမ်း ရရှိပြီး ရရှိလာသော ဆီပေပါခွဲတမ်းများအား မြို့နယ်အလိုက် တစ်ရက်လျှင် မကွေးမြို့နယ်အတွက် ဆီပေပါ(၁၂၅)လုံး၊ တောင်တွင်းကြီးမြို့နယ်အတွက် (၄၅)လုံး၊ မြို့သစ်မြို့နယ်အတွက် (၁၅)လုံး၊ နတ်မောက်မြို့နယ်အတွက်(၂၅)လုံး၊ ချောက်မြို့နယ်အတွက် (၆၀)လုံး၊ ရေနံချောင်းမြို့နယ်အတွက် (၄၀)လုံး အသီးသီးခွဲဝေချထားခဲ့ပါသည်။

    (၁၉.၁၂.၂၀၂၃)ရက်နေ့ နံနက်(၀၉း၃၀)နာရီခွဲအချိန်တွင် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲများမှ ကြပ်မတ်ကွပ်ကဲပြီး လက်လီဆိုင်များ၊ ရပ်ကွက်၊ ကျေးရွာများသို့ ပြန့်ပြန့်နှံနှံရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)