Main menu

ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Online ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show) ပြုလုပ်ဟောပြောဆွေးနွေးခြင်း

Powered by Drupal

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၁.၁၂.၂၀၂၃ ရက်နေ့တွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Online ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show) ပြုလုပ်၍ ဟောပြောဆွေးနွေးခဲ့ကြောင်းသိရပါသည်။

   အဆိုပါဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမျိုးမျိုးစံ(ဦးစီးအရာရှိ)မှ Online ရောင်းဝယ်မှုဆိုင်ရာနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို မေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ ဒေါ်ဇင်ဖြူဝင်း(ဦးစီးမှူး)မှ Online မှ ကုန်စည်နှင့် ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် စားသုံးသူများ နစ်နာမှုမရှိစေရန်အတွက် ဌာနမှ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေပြီး နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက မိမိတို့ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ဝယ်ယူမှုမပြုမီ သတိပြုရမည့်အချက်များနှင့် ဝယ်ယူသုံးစွဲခြင်းကြောင့် ထိခိုက်နစ်နာမှု ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)