Main menu

ပန်းတနော်မြို့နယ်အတွင်း ရောင်းချနေသော ဆေးဆိုင်များတွင် စံမမှီဆေးဝါးရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်ခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ကျန်းမာရေးဌာန၊  မြို့နယ်စည်ပင်သာယာရေးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ (၈-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပန်းတနော် မြို့နယ် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဝါးပစ္စည်း အရောင်း ဆိုင်(၃)ဆိုင်အား စံမညီဆေးများနှင့် တားမြစ်ထားသော ဆေးဝါးများရောင်းချမှုမရှိစေရန် ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

       ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ပန်းတနော်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်ဆေးဝါးများနှင့် သက်ဆိုင်ရာ ဌာနတားမြစ်ထားသော ဆေးပစ္စည်းများကို ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန်၊ ထုတ်လုပ် သည့်နိုင်ငံ၊ ထုတ်လုပ်/ တင်သွင်းသည့် ကုမ္ပဏီဆေးဝါးမှတ်ပုံတင်အမှတ်၊ Import Registration No.(IR) များဖော်ပြထားသောဆေးနှင့် ဆေးပစ္စည်းများကိုသာရောင်းချရန်၊ ဆေးဝါးရောင်းချခွင့် လိုင်စင်များ ပုံမှန်သက်တမ်းတိုးရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးပြောကြားပြီး၊ စံမညီဆေးများနှင့် FDA က တားမြစ်ချက်ထုတ်ပြန်ထားသောဆေးဝါးများ ရောင်းချခြင်းမရှိသည်ကို စစ်ဆေးတွေ့ခဲ့ရကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)