Main menu

မြန်မာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်မြှင့်တင်မှုနှင့် စပ်လျဉ်းသည့်နည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

Powered by Drupal

    ၁၆.၁၀.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့၊ ဇမ္ဗူကျော်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်မြှင့်တင်မှုနှင့် စပ်လျဉ်းသည့်နည်းပညာပေးသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါသင်တန်းဖွင့်ပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရော်ဘာလုပ်ငန်းရှင်များ၊ ရော်ဘာစိုက်တောင်သူများ၊ အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး  ဒုတိယညွှန်ကြားရေးမှူးချုပ် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ စီမံကိန်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့်ရေရှည် တည်တံ့သော သဘာဝရော်ဘာဖွံ့ဖြိုးတိုးတက်ရေးအကြောင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ စက်မှုဝန်ကြီးဌာနမှ ဈေးကွက်မြှင့်တင်ရေးနှင့် အရည်အသွေးမြင့် ရော်ဘာထုတ်လုပ်ရေးအကြောင်းအရာများအား လည်းကောင်း၊ မြန်မာ့သဘာဝ ရော်ဘာရေရှည်တည်တံ့မှုဖော်ဆောင်ရေးအသင်း ဥက္ကဌမှ မြန်မာ့သဘာဝ ရော်ဘာရေရှည် တည်တံ့မှုဖော်ဆောင်ရေးလုပ်ငန်းစဉ်များအကြောင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူးမှ ရော်ဘာအရည်အသွေးမြှင့်တင်ရေး၊ ဒေသတွင်းရော်ဘာစိုက်ပျိုးထုတ်လုပ်ရောင်းချမှုနှင့် အရည်အသွေးအခြေအနေများအကြောင်းကို လည်းကောင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)