Main menu

ဘီးလင်းမြို့ လိပ်ခုံးကျေးရွာ ရပ်ကွက်ဓမ္မာရုံ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲဆွေးနွေးပွဲကျင်းပ

Powered by Drupal

   မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၆.၁၀.၂၀၂၃) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဘီးလင်း)နှင့် ပူးပေါင်း၍ ဘီးလင်းမြို့၊ လိပ်ခုံကျေးရွာ၊ ရပ်ကွက်ဓမ္မာရုံတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

  အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လိပ်ခုံးကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိ၊ ရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသား(၂၅) ဦး တက်ရောက်၍ ကျေးရွာသူ၊ကျေးရွာသားများမှသိလိုသည့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့် နည်းလမ်းများကို ဆွေးနွေးဟောပြောခဲ့၍ ဌာနမှ လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)