Main menu

ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၈.၁၀.၂၀၂၃) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ဆေးဆိုင်များအတွင်း ရောင်းချနေသော Pabrinex IV/HV Injection ဆေးဝါးနှင့် ဘူးခွံ Design ဆင်တူပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ထောက်ခံချက်နှင့် တရားဝင်ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ် DRC No.နှင့် Insert ပါရှိခြင်းမရှိသော Parbisure အမှတ်တံဆိပ်ဆေးဝါးများ ရောင်းချနေမှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ထောက်ခံချက်မပါရှိသော ဆေးဝါးများရောင်းချခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)