Main menu

ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

Powered by Drupal

ရက်စွဲ၊ ၁၈.၁၀.၂၀၂၃

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ (၁၈)ရက်နေ့ နံနက်(၀၉:၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ ကျွန်းလှမြို့မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသီဟမင်းခိုင်နှင့် စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့မှ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချသည့် ကုန်ပစ္စည်းများအား ထုတ်ကုန် လုံခြုံစိတ် ချရမှု ရှိ/ မရှိ ၊ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/ မရှိ နှင့် သက်တမ်း လွန် ကုန်စည်များ ရောင်းချနေခြင်း ရှိ / မရှိ တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ  ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိသည့် ကုန်စည်များကိုသာ တွေ့ရှိရကာ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် ကိုက်ညီမှုရှိပြီး သက်တမ်း လွန်စားသောက်ကုန်များ ရောင်းချမှု မရှိသော်လည်း ရောင်းချသည့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မိမိရောင်းချသည့် ကုန်စည်အပေါ် တာဝန်ရှိမှုကို နားလည်သိရှိစေရန် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင် တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ  အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်ဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန် နှင့် မိမိတို့ထံ လက်ဝယ်လာရောက် ပို့ဆောင်သော ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသား မပြည့်စုံပါက လာရောက်ပို့ဆောင်သူအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ထည့်သွင်း ပေရန်နှင့် မပြည့်စုံပါက မိမိတို့မှ ဝယ်ယူ ရောင်းချမည်မဟုတ်ကြောင်း လက်ဆင့်ကမ်းပြောကြားပေးရန်နှင့် စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား နှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန ၏ အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်နှင့် မိမိတို့စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်း အမှတ်အသား လျှောက်ထားရာတွင် အခမဲ့ကူညီဆောင်ရွက်ပေးပါကြောင်း ၊ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏ တာဝန်များနှင့် လိုက်နာရမည့်အချက်များအကြောင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)