Main menu

သီပေါမြို့ “မင်းမြတ်စံ”ကိုယ်ပိုင်အထက်တန်းဆင့်ပညာသင်ကျောင်း၌ အသိပညာပေးဆွေးနွေးမှုဆောင်ရွက်

Powered by Drupal

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ “မင်းမြတ်စံ” အထက်တန်းဆင့်ပညာသင်ကျောင်း၌ ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ (၁၈) ရက်နေ့၊ နံနက် (၉ : ၀၀) နာရီအချိန်တွင် သီပေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင်ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်လင်းလင်းထွန်း(ဒု-ဦးစီးမှူး) မှ စားသုံးသူများ သိရှိရမည့်အခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့် တာဝန်များအကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သတိပြု ကြည့်ရှုဝယ်ယူရမည့် ကုန်ညွှန်းအမှတ်အသားဆိုင်ရာနှင့် ရွေးချယ်ဝယ်ယူသုံးစွဲရမည့် ကုန်စည်များ၊ တရားမဝင်သော၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်ပစ္စည်းအား ဝယ်ယူသုံးစွဲပါက  ဖြစ်ပေါ်လာနိုင်သည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများသို့ တိုင်ကြားနိုင်ပြီး Mobile App ဖြစ်သော DOCA Myanmar App နှင့် တိုင်ကြားနိုင်ပြီး Consumer Call Center နံပါတ် (၁၅၃၅) သို့လည်း ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ပါကြောင်း အစရှိသည့် စားသုံးသူအကာအကွယ်ပေးရေးသိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိခဲ့ရပါသည်။

DOCA(ရှမ်း)