Main menu

စားသုံးသူကာကွယ်ရေးအသိပညာပေးရေးအစ စာသင်ကျောင်းများက

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးနှင့်ဝန်ထမ်းများအဖွဲ့သည် စားသုံး သူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကိုကာကွယ်ရန်အတွက် (၁၁.၁၀.၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၂၅)ဦး၊ ကျောင်းသား/ ကျောင်းသူ(၃၀၀)ဦး၊ စုစုပေါင်း(၃၂၅)ဦး တက်ရောက်ခဲ့ပါသည်။

    အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ဦးစီးမှူးဒေါ်ကြည်ကြည်စိုးက ဌာန၏ သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဟောပြောပွဲကျင်းပပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေးများကိုသိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားဆောင်ရွက်နိုင်ကြောင်း၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင်လည်း လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များမှာလည်း အရေးပါကြောင်းပြောကြားခဲ့ပါသည်။

   ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်မျိုးသန္တာဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈)မှ ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍  ကျောင်းသား/သူများအား  ကုန်စည် (မုန့်ထုပ်)များ ရွေးချယ်ဝယ်ယူရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီးလုံခြုံစိတ်ချရမှုရှိစေရန် ပါဝင်ရမည့် အချက်အလက်တစ်ခုချင်းအား ရှင်းလင်းပြောကြားခဲ့ပြီး၊ ဌာနခွဲစာရေး ဒေါ်ဝါဝါကြည်က စားသုံးသူများတွင် အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များအကြောင်းရှင်းလင်းရာတွင် ကျောင်းသား/ ကျောင်းသူများအနေဖြင့် စားသုံးသူအခွင့်အရေးများသိရှိပြီး ရယူနိုင်မှသာလျှင် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲခွင့်၊ နစ်နာမှုများအတွက်တိုင်ကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များရှိပြီး နောင်အနာဂတ်တွင် ကျန်းမာသန့်ရှင်းသော ပတ်ဝန်းကျင်ကောင်းတွင်နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများလိုက်နာ ရမည့်တာဝန်(၄)ချက်ကိုလည်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)