Main menu

ပခုက္ကူဒေသထွက် “ဂဠုန်မင်း”ချည်ထည်စောင်များ၏ ဈေးနှုန်းဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဒေသတွင်  ငွေကြယ်ဦး၊ စိန်ငါးပွင့်၊ စိန်ပန်းခိုင်၊ ရွှေနဂါး၊ တခြားချည်ထည်အရောင်းဆိုင်များနှင့် ဂဠုန်မင်းချည်ထည်ဆိုင်များစွာရှိပါသည်။ ဂဠုန်မင်းချည်ထည်စောင်များမှာ ပြည်တွင်း/ ပြည်ပသို့ ကျယ်ပြန့်စွာရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

      ဂဠုန်မင်းချည်ထည်ဆိုင်မှရရှိနိုင်သောချည်ထည်များမှာ ဝါဒစောင်၊ ရွတ်ကျစ်ခေါက်ချိုးစောင်၊ လွှာချင်းစောင်အမျိုးမျိုး၊ ချင်းစောင်၊ လက်သုတ်ပဝါအမျိုးမျိုး၊ မျက်နာသုတ်ပဝါအမျိုးမျိုး၊ မဝတ်လုံချည်၊ ကျားဝတ်လုံချည်အမျိုးမျိုး ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်းသိရှိရပါသည်။ ဝါဒစောင်၊ ရွတ်ကျစ်ခေါက်ချိုးချည်ထည်စောင်များမှာ အိမ်တွင် ရက်လုပ်လျက်ရှိကြောင်း၊  ရွတ်ကျစ်ခေါက်ချိုးစောင်နှင့် ဝါဒစောင်များကိုအသုံးပြုသည့် တိုင်ချည်အမျိုးအစားများမှာ ချည်ချော(၁/၂၀) ချည်နှင့် ချည်ချော(၁/၁၀) ချည်များကိုအသုံးပြုပြီး ဖောက်ချည်အနေဖြင့် (၁/၇)ချည်နှင့်(၁/၅) ဗမာချည်များဖြင့်ရက်လုပ်ထားကြောင်း၊ ကုန်ကြမ်းများကို မန္တလေးတိုင်းဒေသကြီးမှ ဝယ်ယူအသုံးပြုကြောင်းသိရှိရပါသည်။ တိုင်ချည် ချည်ချော(၁/၂၀)ချည်တစ်ထုပ်လျှင် ကျပ်(၄၀၀၀၀)၊ ချည်ချော(၁/၁၀)ချည်တစ်ထုပ်လျှင် ကျပ်(၄၀၀၀၀)၊ ဖောက်ချည်(၁/၇) ချည်တစ်ထုပ်လျှင် ကျပ်(၃၄၀၀၀)၊ (၁/၅) ချည်တစ်ထုပ်လျှင် ကျပ်(၃၃၉၀၀)ဖြင့်ဝယ်ယူရကြောင်း၊ ဝါဒစောင်နှင့် ရွတ်ကျစ်စောင်များအတွက် စက်ယက်ကန်းနှင့် လက်ယက်ကန်များတွင် တိုင်ချည်ကို(၁၀)ထုပ်အသုံးပြုပြီး ဖောက်ချည် (၆) ထုပ်သုံးစွဲရကြောင်းသိရှိရပါသည်။ လုပ်သားခဈေးမှာ ဝါဒစောင်လက်ယက်ကန်းတစ်ထည်ခတ်ခမှာ ကျပ်(၃၅၀၀)ပေးရပြီး တစ်ရက်လျှင်(၁)ထည်ရရှိကြောင်း စက်ယက်ကန်းတစ်ထည်ခတ်ခမှာ ကျပ်(၃၀၀၀)ဖြစ်ပြီး တစ်ရက်လျှင် (၂)ထည်ရရှိကြောင်းသိရှိရပါသည်။

      “ဂဠုန်မင်း”အထည်ဆိုင်မှ ချည်ထည်ဈေးနှုန်းများမှာ ဝါဒစောင် ပထမတန်းစားတစ်ထည်လျှင် ကျပ်(၃၈၀၀၀)၊ ဒုတိယတန်းစားတစ်ထည်လျှင် ကျပ်(၂၅၀၀၀)၊ ရွတ်ကျစ်ခေါက်ချိုးစောင် ပထမတန်းစားတစ်ထည်လျှင် ကျပ်(၃၀၀၀၀)၊ ဒုတိယတန်းစားတစ်ထည်လျှင် ကျပ်(၁၄၀၀၀)၊ လက်သုတ် ပဝါအကြမ်း(၅)ထည်ပါ တစ်ထုပ်လျှင် ကျပ်(၃၀၀၀)၊ လက်သုပ်ပဝါအချော(၅)ထည်ပါ တစ်ထုပ်လျှင် ကျပ်(၃၅၀၀)၊  မျက်နာသုတ်ပဝါ ပထမတန်းစားတစ်ထည်လျှင် ကျပ်(၁၂၀၀၀)၊ မဝတ်လုံးကွင်းမှာ ချည်အမျိုးအစားပေါ်မူတည်၍ တစ်ထည်လျှင် ကျပ်(၆၅၀၀)မှ ကျပ်(၈၀၀၀)ခန့်၊ ကျားဝတ်လုံချည်တစ်ထည်လျှင် ကျပ်(၈၀၀၀)မှ ကျပ်(၁၀၀၀၀)ခန့်ဖြင့်ရောင်းချလျက်ရှိကြောင်း “ဂဠုန်မင်း” ချည်ထည်ရောင်းဝယ်ရေးမှသိရှိရပြီး မန္တလေးနှင့် ရန်ကုန်မြို့ကြီးများတွင် ဆိုင်ခွဲများတိုးချဲ့ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)