
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် (၂၀-၉-၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် ပန်းတောင်းမြို့နယ်ရှိ ကုန်စုံဆိုင်များနှင့် ဥသျှစ်ပင်မြို့ရှိ ဆေးဆိုင်များသို့သွားရောက်၍ ကွင်းဆင်းလေ့လာကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ ကလေးအာဟာရဖြည့်စွက်စာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ရှိ ဝန်ထမ်းများနှင့်အတူ မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကလေးအာဟာရဖြည့်စွက်စာများအား ကွင်းဆင်းစစ်ဆေးရာတွင် ဘူးများအပေါ်၌ ဖော်ပြထားသည့်ကုန်အညွှန်းအမှတ်အသား၊ အလေးချိန်၊ သုံးစွဲရမည့်ကာလအပိုင်းအခြား စသည်တို့ကို မြန်မာဘာသာနှင့်ရေးသားဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပြည်စုံမှန်ကန်မှုရှိပါကြောင်းနှင့် ရောင်းချနေသောလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။
DOCA(ပဲခူး)