Main menu

စားသုံးသူအကာကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)အစီအစဉ် ပြုလုပ်

Powered by Drupal

    ၂၀၂၃ခုနှစ်၊စက်တင်ဘာလ (၅)ရက်နေ့၊နေ့လယ် (၁၄:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါ Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ရွှေက Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေများနှင့် နည်းဥပဒေများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဖော်ပြရမည့် ညွှန်ကြားချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လှုပ်ရှားမှုများအကြောင်း စားသုံးသူကာကွယ်ရေးအသိပညာပေး အမေးအဖြေများမေးမြန်းခြင်း၊ ဖြေကြားခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)