Main menu

မြိတ်မြို့၊ ဒိုင်လမ်း၊ စက်ဝင်းရပ်ရှိ ပွင့်သစ်တိုးမုန့်တိုက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် ပတ်သက်၍ အသိပညာပေးကွင်းဆင်းစစ်ဆေး

Powered by Drupal

၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၁၆) ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြိတ်မြို့၊ ဒိုင်လမ်း၊ စက်ဝင်းရပ်ရှိ ပွင့်သစ်တိုး မုန့်တိုက်သို့ သွားရောက်၍ မုန့်တိုက်လုပ်ငန်းရှင်နှင့်မုန့်ဆိုင်ဝန်ထမ်း များအား ထုတ်ကုန်လုံခြုံစိတ် ချရမှုနှင့် ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စားသုံးသူဥပဒေပါ လုပ်ငန်းရှင်များလိုက်နာ ရမည့် အချက်များအပြင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီဆောင်ရွက်ရန် ရှင်းလင်းပြောကြားခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပါသည်။
ထိုသို့ အသိပညာပေးကွင်းဆင်းရာတွင် မြိတ်မြို့၊ ဒိုင်လမ်း၊ စက်ဝင်းရပ်ရှိ ပွင့်သစ်တိုး မုန့်တိုက်ရှိ ထုတ်ကုန်များသည် စားသုံးသူဥပဒေပါ ကုန်အညွှန်းအမှတ်အသား အချက်အလက်များ ဖော်ပြထားရှိသည်ကို တွေ့ရှိရပြီး ထုတ်ကုန်များ ယခုထက်ပိုမိုစိတ်ချမှုရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(တနင်္သာရီတိုင်းဒေသကြီး)