Main menu

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၏ အောက်တိုဘာလအတွင်း ကုန်စည်စီးဆင်းမှုနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ထွက်ရှိသော ဟင်းသီးဟင်းရွက်၏ (၇၀)ရာခိုင်နှုန်းကို မြန်မာ တစ်နိုင်ငံလုံးတွင် ဖြန့်ဖြူးရောင်းချလျက်ရှိရာ အောက်တိုဘာလအတွင်းတွင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ နေပြည်တော်၊ ပြည် ၊ သာစည်၊ ပဲခူး၊ မုံရွာ၊ စစ်တွေ ၊ တပ်ကုန်း မြို့များသို့ ပြောင်း တစ်ပိဿာလျှင် အမြင့်ဆုံးလက်ကားဈေး (၆၅၀)ကျပ် (၁၃၇၁)တန်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် (၂၈၀၀)ကျပ်ဖြင့် (၁၁၃၇)တန်၊ အာလူး တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၂၈၀၀)ကျပ်ဖြင့် (၂၅၆၀)တန်၊ ဂေါ်ဖီထုပ် တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၃၃၀)ကျပ်(၂၄၉၄)တန်၊ ပန်းမုံလာ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၄၅၀)ကျပ်ဖြင့် (၈၄၅)တန်၊ ချင်း တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၅၅၀)ကျပ်ဖြင့် (၆၄၀)တန်၊ နနွင်း တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၂၅၀၀)ကျပ်ဖြင့် (၂၄၃)တန်၊ ချင်းခြောက် တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၂၂၀၀)ကျပ်ဖြင့် (၂၉၂)တန်၊ ရွှေပဲ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၄၅၀၀)ကျပ်ဖြင့် (၃၂၇)တန်၊ မုန်ညှင်းဖြူ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၁၂၀၀)ကျပ်ဖြင့် (၆၄၀)တန်၊ ခရမ်းသီး တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၇၅၀)ကျပ်ဖြင့် (၄၆၇)တန်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၇၀၀) ကျပ်ဖြင့် (၃၀၂)တန်၊ မုန်လာဥနီ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၈၀၀)ကျပ်ဖြင့် (၄၅၁)တန် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။
အောက်တိုဘာလအတွင်း ပြောင်းသီးနှံမှာ ပြောင်းသစ်ပေါ်ချိန်ဖြစ်သည့်အတွက် ဈေးကွက်သို့ ဝင်ရောက်မှုများပြီး ဈေးအနည်းငယ်ကျဆင်းခဲ့ပြီး အာလူးသီးနှံမှာ ယခုနှစ်တွင် သွင်းအားစုဈေးနှုန်းများ မြှင့်တက်လာခြင်း၊ စိုက်ပျိုးမှုနည်းပါးလာခြင်းနှင့် ပစ္စည်းပြတ်လပ်သည့် အခြေအနေတို့ကြောင့် ဈေးနှုန်းများဆက်တိုက်မြှင့်တက်ခဲ့ပါသည်။ အခြားသီးနှံများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ကုန်စည်စီးဆင်းမှုအနေနဲ့ကတော့ ကုန်စုံကားကြီး၊ ကားငယ်များဖြင့် နေ့စဉ် ဒေသစုံသို့ စီးဆင်းခဲ့ကြောင်း အောင်ပန်းဈေးကွက်မှ သတင်းရရှိခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ရှမ်းပြည်နယ်)