Languages

Main menu

ပဲခူးတိုင်းဒေသကြီး ၊ ကြက်ဥနှင့် Mask များ စျေးနှုန်းမြှင့်တက်လာမှုအပေါ် ကွင်းဆင်းဆောင်ရွက်

Powered by Drupal

လက်ရှိကာလတွင် COVID-19 ရောဂါကူစက်ပြန့်ပွားမှုမြှင့်တက်လာခြင်းကြောင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် ယခင်ကထက်ကြက်ဥစားသုံးမှုများပြားလျှက်ရှိပြီး ကြက်ဥဝယ်လိုအားမြှင့်တက်လာခြင်းတို့ကြောင့် မူလကြက်ဉဈေးနှုန်း (လက်လီ) တစ်လုံးလျှင် ၁၄ဝိ/- ၊ ၁၅ဝိ/- ရှိရာမှ လတ်တလော ကြက်ဉတစ်လုံးလျှင် ၁၆ဝိ/- ၁၇ဝိ/- ဖြင့် ဈေးနှုန်းဖြစ်ပေါ်လျှက်ရှိပါကြောင်းနှင့် Mask (၅၀)ပါ တစ်ဗူးလျှင် ၂၅၀ဝိ/- ၊ Handgel ဘူးသေးတစ်ဗူး လျှင် (၁၀၀ဝိ/-)၊ ဘူးလတ်တစ်ဗူးလျှင် (၂၅၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျှက် ရှိပြီး ဈေးကွက်လိုအပ်ချက်အား ရန်ကုန်ပင်မဒိုင်ကြီးများမှ မှာယူရောင်းချလျှက်ရှိနေပါကြောင်းသိရှိရပါသည်။

ကြက်ဥနှင့် Mask များစျေးနှုန်းမြှင့်တင်မှုကို လျှော့ချနိုင်ရေးအတွက် ပဲခူးတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် သက်ဆိုင်ရာခရိုင်အလိုက် မြေပြင်ကွင်းဆင်းစစ်ဆေး၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကြက်ဉမွေးမြူထုတ်လုပ်ရောင်းချနေသည့် လက္ကား ကုန်သည်ကြီးများနှင့်တွေ့ဆုံ၍ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် လိုက်လျောညီထွေရှိသည့်အမြတ်အစွန်း ရောင်းချရေးနှင့် အမြတ်အစွန်းကြီးမားစွာ မြှင့်တင်ရောင်းချခြင်းများမပြုရေး ၊ ကြက်ဥအပါအဝင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများအား စျေးနှုန်း အဆမတန် မြှင့်တင်ရောင်းချခြင်းမျိုး မပြုလုပ်ကြရန် အသိပေးခြင်း၊ သတိပေးခြင်းများ ဆောင်ရွက် လျှက်ရှိကြောင်း ၊ ကြက်ဥနှင့် Mask များစျေးနှုန်းမြှင့်တင်လာမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ခရိုင်အလိုက်စိစစ်ဆောင်ရွက်နေစဉ်အတွင်း ပြည်သူများအနေဖြင့်လည်း ကြက်ဥနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများအပေါ် လိုအပ်သည်ထက် ပိုလျှံဝယ်ယူမှုမပြုဘဲ မိမိလိုအပ်သလောက်သာ ဝယ်ယူအသုံးပြုရန် အသိပေးခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိပါသည်။