Languages

Main menu

ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်ဒေသ၏ ဇူလိုင်လ ပထမပတ် ကုန်သွယ်မှုအခြေအနေ

Powered by Drupal

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း-မိုင်းလားနယ်စပ်ဒေသများ၏ ဇူလိုင်လ ပထမအပတ်တွင် ရော်ဘာ၊ နှမ်းမဲစေ့နှင့် မိကျောင်းကွမ်းဖတ်များကိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်များမှာ နေကြာစေ့၊ ဓာတ်မြေဩဇာနှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ ယခင်တစ်ပတ်ထက် တိုးလာတယ်လို့သိရပါတယ်။  တာချီလိတ်မြို့ မယ်ယန်း ကုန်သွယ်ရေးစခန်းမှ ယခုတစ်ပတ်အတွင်း အများဆုံးတင်ပို့သော ကုန်ပစ္စည်းမှာ ကြက်သွန်နီနှင့် ရော်ဘာတို့ဖြစ်ပြီး သွင်းကုန်များမှာ ဘိလပ်မြေ၊ ဆပ်ပြာမှုန့်၊ သံချောင်း၊ ဒီဇယ်၊ ဓာတ်ဆီ၊ ကြွေပြား၊ PVC Pipe တို့ဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ ယခင်တစ်ပတ်ထက် တိုးလာတယ်လို့ သိရပါတယ်။ မိုင်းယောင်း-မိုင်းယု ကုန်သွယ်ရေး လမ်းကြောင်းမှ ယခုတစ်ပတ်အတွင်း အဓိကပို့သောပို့ကုန်မှာ ရော်ဘာ၊ ဝဉခြောက်တို့ဖြစ်ပြီး သွင်းကုန်မရှိပါကြောင်း နယ်စပ်သတင်းများအရသိရှိရပါတယ်။