Languages

Main menu

နယ်စပ်ကုန်သွယ်ရေးစခန်း မူဆယ်(၁၀၅)မိုင်၏ ဇူလိုင်လ ပထမပတ် ကုန်သွယ်မှုအခြေနေ

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုဖြင့်တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သည့်အားလျော်စွာ ပို့ကုန်ပမာဏတိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပို့ကုန်အမယ်သစ်များ ရှာဖွေတင်ပို့နိုင်ရေးတို့ကိုဆောင်ရွက်လျက်ရှိပါသည်။ နယ်စပ်ကုန်သွယ်ရေးပိုင်းတွင် ရှမ်းပြည်နယ်အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်(၁၀၅)မိုင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်တို့တွင် ကုန်သွယ်မှုများစွာလုပ်ဆောင်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ကုန်သွယ်ရေးစခန်း မူဆယ်(၁၀၅)မိုင်၏ ဇူလိုင်လ ပထမပတ်အတွင်း ကုန်သွယ်မှုအခြေအနေများမှာ သရက်သီး (၁၅)kg တစ်ဖာလျှင် မြန်မာငွေ အနိမ့်ဆုံးဈေး ၂၄၄၉ ကျပ်မှ အမြင့်ဆုံးဈေး ၁၃၄၇၄ကျပ်ဖြင့် (၂၇၇.၅)တန်ကိုလည်းကောင်း၊ ဖရဲသီးတစ်လုံးလျှင် အနိမ့်ဆုံးဈေး ၉၈၀ကျပ်မှ အမြင့်ဆုံးဈေး ၄၉၀၀ကျပ်ဖြင့် (၄၅၉.၅)တန်ကိုလည်းကောင်း၊ ပဲတီစိမ်း တစ်တင်းလျှင် ၃၄၃၂၀ကျပ်မှ ၃၆၉၆၂ကျပ်ဖြင့် (၁၂၅၈၂.၃)တန်ကိုလည်းကောင်း၊ ဆန် တစ်အိတ်လျှင် ၂၈၁၇၅ကျပ်မှ ၂၈၆၆၅ ကျပ်ဖြင့် (၄၂)တန် ကိုလည်းကောင်း၊ ဆန်ကွဲ တစ်တင်းလျှင် ၂၇၆၈၅ကျပ်မှ ၂၈၉၁၀ကျပ်ဖြင့် (၂၀၈၁.၄)တန်တင်ပို့ နိုင်ခဲ့ပါသည်။   

မြေပဲဆံတစ်တင်းလျှင် ၃၇၀၆၁ကျပ်မှ ၄၀၇၆၉ကျပ်ဖြင့် (၈၃၈.၇၅)တန်ကိုလည်းကောင်း၊ ပဲယင်းတစ်တင်းလျှင် ၂၃၇၆၃ကျပ်မှ ၂၆၄၀၄ကျပ်ဖြင့် (၁၀၅၆.၂၅)တန်ကိုလည်းကောင်း၊ ပဲကြီးတစ်တင်းလျှင် ၂၇၈၂၉ကျပ်မှ ၃၂၈၉၁ကျပ်ဖြင့် (၂၇၆.၀၅)တန်ကိုလည်းကောင်း၊ ကြက်သွန်နီတစ်ပိဿာလျှင် ၃၀၃ကျပ်မှ ၅၈၀ကျပ်ဖြင့် (၄၁၀၄.၃) တန်ကိုလည်းကောင်း၊ နှမ်းတစ်တင်းလျှင် ၃၅၆၄၂ကျပ်မှ ၄၇၅၂၃ကျပ်ဖြင့် (၁၃၈၇.၇၅)တန်ကို လည်းကောင်း၊ ပဲနီကြားတစ်တင်းလျှင် ၂၀၂၄၂ကျပ်မှ ၂၅၃၀၅ကျပ်ဖြင့် (၃၅၈)တန်ကိုလည်းကောင်း တင်ပို့နိုင်ခဲ့ပါသည်။  ထောပတ်ပဲတစ်တင်းလျှင် ၂၇၈၂၉ကျပ်မှ ၃၂၈၉၁ကျပ်ဖြင့် (၃၁၃.၅)တန်ကိုလည်းကောင်း၊ ပဲလွန်းဖြူ တစ်တင်းလျှင် ၂၁၀၉၀ကျပ်မှ ၂၃၇၆၃ကျပ်ဖြင့် (၃၂၈.၅)တန်ကိုလည်းကောင်း၊ ပဲတီစိမ်းခြမ်း တစ်တင်းလျှင် ၅၀၁၆၀ကျပ်မှ ၅၅၄၄၃ကျပ်ဖြင့် (၃၂)တန်ကိုလည်းကောင်း၊ မတ်ပဲ တစ်တင်းလျှင် ၃၃၇၉၂ကျပ်မှ ၃၄၈၄၉ကျပ်ဖြင့် (၆၄)တန်ကိုလည်းကောင်း၊ မြေပဲတောင့်တစ်တင်းလျှင် ၁၅၂၉၅ကျပ်မှ ၁၇၀၉၅ကျပ်ဖြင့် (၉.၅)တန်ကိုလည်းကောင်း အသီးသီး တင်ပို့နိုင်ခဲ့ပြီး ယခုတပတ်မှာ ကျွဲ၊ နွား၊ ဆိတ်များကိုတော့ တိရစ္ဆာန်ကျန်းမာရေးစခန်း(AQS)တွင် ယာယီထိန်းသိမ်းထားရှိနေတာဖြစ်လို့ အရောင်းအဝယ်မရှိဘဲ မူဆယ်မြို့တွင်းရှိ ဆိတ်ခြံ(၇)ခြံတွင် ဆိတ်လက်ကျန်အနေဖြင့် (၆၆၀၀)ကောင်ရှိနေကြောင်းသတင်းရရှိပါတယ်။

 စားသုံးသူရေးရာဦးစီးဌာန (ရှမ်းပြည်နယ် )