Main menu

ရှမ်း(တောင်) စိန်တလုံးသရက်သီးများ စတင်ထွက်ပေါ်လာပြီ

Powered by Drupal

          ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စိုက်ပျိုးထွက်ရှိသော စိန်တလုံးသရက်သီးများသည် ၂၀၂၁ ခုနှစ် မေလနောက်ဆုံးပတ်မှစ၍ ဈေးကွက်သို့ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရှိရပါသည်။ ဈေးကွက်အနေဖြင့် မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး၊ ရန်ကုန်၊ နေပြည်တော်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုကာလသည် စတင်ထွက်ရှိချိန်ဖြစ်သောကြောင့် တစ်ရက်လျှင် ပျမ်းမျှ စိန်တလုံးသရက်သီး အလုံး(၅,၀၀၀) မှ (၁၀,၀၀၀)ခန့် တင်ပို့ရောင်းချနေကြောင်း၊ စိန်တလုံးသရက်သီးများကို အရွယ်အစား အလိုက် (၂၅)လုံးမှ (၃၆)လုံး ဝင်ဆန့်သည့် ဂျပ်ဖာများဖြင့် ထုပ်ပိုးကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်ဖာလျှင် (၁၀,၀၀၀)ကျပ်မှ (၁၂,၀၀၀)ကျပ်အထိ ရရှိကြောင်း သိရှိရပါသည်။ ဒေသတွင်းတွင် အသီး အရွယ်အစား အရည်အသွေးပေါ်မူတည်၍ တစ်လုံးလျှင် (၁၅၀)ကျပ်မှ (၄၀၀)ကျပ်အထိ ပေါက်ဈေး ရှိကြောင်းသိရှိရပါသည်။

          ရှမ်း(တောင်)မှ ထွက်ရှိသည့် စိန်တလုံးသရက်သီးများသည် မေလနောက်ဆုံးပတ်တွင် စတင် ထွက်ပေါ်ပြီး ဇွန်လဒုတိယပတ်တွင် လှိုင်လှိုင်ထွက်ပေါ်ကာ ဇွန်လနောက်ဆုံးပတ်တွင် ကုန်ဆုံးကြောင်းနှင့် ယခုလက်ရှိအချိန်တွင် Covid-19 ရောဂါအခြေအနေကြောင့် မူဆယ်ဈေးကွက်နှင့် အခြားပြည်ပ ဈေးကွက်များသို့ တင်ပို့နိုင်ခြင်း မရှိသေးပါကြောင်းသတင်းရရှိပါသည်။

ရှမ်းပြည်နယ်(DOCA)