Main menu

အလှကုန်များအား ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြပါဝင်ခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်မှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂၀-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနများနှင့်အတူပူးပေါင်းကာ  မအူပင်မြို့ပေါ်ရှိ အလှကုန်အရောင်းဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းပြုလုပ်ခဲ့ကြပါသည်။

  အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် အလှကုန်ရောင်းချသူများအား သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်နှင့် မြန်မာဘာသာကုန်အညွှန်အမှတ်အသားဖော်ပြပါရှိပြီး တရားဝင်တင်သွင်းထားသည့် အလှကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်နှင့် တရားဝင်တင်သွင်းထားခြင်းမရှိသော မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသည့် ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိနိုင်ရန်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် လုပ်ငန်းရှင်တို့လိုက်နာရမည့် တာဝန်များကိုပါ အလေးပေးလိုက်နာဆောင်ရွက်ရန် ပညာပေးဆွေးနွေးခဲ့ကာ ဈေးကွက်အတွင်း အလှကုန်များအား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)