Main menu

ငါးရှဉ့်ခြောက်စပ်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ညောင်ပင်သာယာကျေးရွာရှိ ငါးရှဉ့်ခြောက်စပ်လုပ်ငန်းသို့သွားရောက်၍ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် (၁၉-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် ကွင်းဆင်း၍ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြပါသည်။

    အဆိုပါလုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်လွင်က ငါးရှဉ်ခြောက်စပ်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုလုပ်ငန်းအဆင်ဆင့်အားမေးမြန်းပြီးနောက် ထုပ်ပိုးပြီးသောကုန်စည်များကို ဈေးကွက်ဖြန့်ဖြူးမှုအခြေအနေနှင့် ဝယ်လိုအား/ရောင်းလိုအားအခြေအနေများကိုမေးမြန်းပြီး ထုတ်ကုန်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လိုအပ်သောအချက်အလက်များကို ပိုမိုသိရှိနားလည်နိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနသို့ မေးမြန်းဆွေးနွေးနိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိနိုင်ရန်အတွက် ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်တို့အနေဖြင့် လိုက်နာရမည့်တာဝန်များကိုပါ အလေးပေးလိုက်နာဆောင်ရွက်ကြရန် ပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)