Main menu

“စားအုန်းဆီများဈေးကားများဖြင့် လှည့်လည်ရောင်းချမှုအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊  စားသုံးသူရေးရာဦးစီးဌာနသည်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး ၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက်     စားသုံးသူကာကွယ်ရေး အသိပညာပေး  ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့်   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း  လုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် (၂၃.၆.၂၀၂၃)ရက်နေ့တွင် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး ကျောက်ဆည်မြို့နယ်ရှိ လက်ဝဲစု ၊ စင်ဦး ၊ မြောင်းဘောင် ၊ ရဲမအူ ၊ ဆားတောင်ငယ်၊ ဝမ်းကာဆိပ်ကျေးရွာများရှိ စားသုံးသူပြည်သူများသို့ စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ဈေးကားများဖြင့်လှည့်လည်ရောင်းချမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထို့နောက် လက်ဝဲစုကျေးရွာ၊ဆားတောင်ငယ်ကျေးရွာနှင့် ဝမ်းကာဆိပ်ကျေးရွာများ၌ စားသုံးသူကာကွယ်ရေးဟောပြောပွဲများ ကျင်းပခဲ့ပြီး တက်ရောက်လာသည့် ကျေးရွာသူ ၊ ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေး၊စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆို နိုင်သည့်အခွင့်အရေးများနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်းဒေသကြီး၊ပြည်နယ်များရှိ Consumer Information & Complaint Center (CICC) များနှင့် Consumer Call Center ဖြစ်သည့် ( ၁၅၃၅ ) သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာ ဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mmထဲသို့ ဝင်ရောက်ပြီးတိုင်ကြား နိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ဆားတောင်ငယ်ကျေးရွာမှ (၅၀)ဦး၊ ဝမ်းကာဆိပ်ကျေးရွာမှ(၉၀)ဦးနှင့်လက်ဝဲစု ကျေးရွာမှ(၈၀)ဦး၊ စုစုပေါင်း(၂၂၀)ဦးတို့ တက်ရောက်ခဲ့ပြီး တက်ရောက်လာသော ကျေးရွာသူ၊ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)