Main menu

“နှမ်းစိုက်ပျိုးထွက်ရှိမှု၊ စျေးနှုန်းစျေးကွက်အခြေအနေနှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာ”

Powered by Drupal

     ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများဖွံဖြိုး တိုးတက်ရေးအတွက် အလားအလာရှိသော အဓိကသီးနှံများ၏ စတင်စိုက်ပျိုးမှုမှသည် စျေးကွက် တင်ပို့ရောင်းချမှုအခြေအနေများအထိ သိရှိနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့နယ် ၊ ကုလကျေးရွာရှိ  တောင်သူ ဦးကျော်မြင့်၏ နှမ်းစိုက်ပျိုးထွက်ရှိမှု၊စျေးနှုန်းစျေးကွက်အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။တောင်သူ ဦးကျော်မြင့်ကပြောကြားရာတွင် မိမိတို့ဒေသ၌ ဆည်ရေကိုအားကိုးပြီးနှမ်းများကို စိုက်ပျိုးခဲ့ကြောင်း၊မတ်လ(၁၉)ရက်နေ့က စတင်စိုက်ပျိုးသည့်နှမ်းများမှာ ယခုအချိန်တွင်ရိတ်သိမ်း နေပြီဖြစ်ကြောင်း၊ မိမိအနေဖြင့် စိုက်ပျိုးရေးသင်တန်းများတွင်တက်ရောက်ခဲ့သည့်အတွက်ကြောင့် နှမ်းများအားစတင်စိုက်ပျိုးရာတွင် စနစ်တကျစိုက်ပျိုးလျက်ရှိကြောင်း ၊ စိုက်ပျိုးရာတွင် တန်းခြား ၁၄” နှင့် တစ်ပင်နှင့်တစ်ပင်ခြား ၂”, ၃” ,၄” ခြားပြီးစိုက်ပျိုးခဲ့ကြောင်း ၊ စိုက်ပျိုးရာတွင် မျိုးအဖြစ် ဆင်းရတနာ-၄ (ဂျပန်နှမ်းဖြူ)မျိုးအား စိုက်ပျိုးကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မြေပြင် စရိတ်၊သွင်းအားစု၊လုပ်အားခ၊စုစုပေါင်း(၄၄၂၀၀၀/-)ကျပ်ကုန်ကျကြောင်း၊ထွက်ရှိမှုအနေဖြင့် ၄င်း၏ စိုက်ခင်းများ၌ (၁)ဧကလျှင်(၁၆)တင်းနှုန်းထွက်ရှိပြီး အချို့တောင်သူများ၌ (၁၀-၁၂)တင်းခန့်သာ ထွက်ရှိကြောင်း ၊ နှမ်းစျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် တစ်တင်းလျှင်(၇၅၀၀၀/-)ကျပ်ရောင်းရပြီး ယခုနှစ်တွင်(၁၂၂၅၀၀/-)ကျပ်ဖြင့် ကုန်သည်များမှ ကျေးရွာအထိလာရောက်ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည် ။ ကျောက်ဆည်ခရိုင်အတွင်း နှမ်းစိုက်ပျိုးမှုအနေဖြင့်(၈၀၇၈၉)ဧက စိုက်ပျိုးထားပြီး (၆၁၆၄၇)ဧက ရိတ်သိမ်းပြီးကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ မေးမြန်းသိရှိရပါသည်။

DOCA(မန္တလေး)