Main menu

ပုသိမ်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့် အသိပညာပေးခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်သွားစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ကြိုးစား၍ ဆောင်ရွက်လျက်ရှိပါသည်။

 ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့နယ်တာဝန်ခံရုံးတွင် နေလမင်း သောက်ရေသန့်စက်ရုံပိုင်ရှင်နှင့် တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍  စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊  အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့်ပတ်သက်၍ ကုန်စည်များပေါ်တွင်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားမှု အခြေအနေတို့ကို စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)