Main menu

သာပေါင်းမြို့နယ်တွင် ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် သာပေါင်းမြို့နယ်တာဝန်ခံရုံးတွင် (၂၀.၆.၂၀၂၃) ရက်နေ့ ၊နေ့လယ် (၁၁:၀၀)နာရီတွင် သာပေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်းသိရှိ ရပါသည်။

   ထိုသို့ဆွေးနွေးရာတွင် ဆီလုပ်ငန်းရှင်များ၏ အခက်အခဲများ၊ ထုတ်လုပ်နိုင်မှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်၊ စိုက်ပျိုးမှုနှင့်ပတ်သက်သော အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ပြီး ဆီလုပ်ငန်းရှင်များဘက်မှ တွေ့ကြုံနေရသော အခက်အခဲများ၊ ဆီထွက်ရှိမှုနှုန်း၊ ဆီဈေးနှုန်းတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အကြံပေးညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)