Main menu

ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ ပညာရေးဒီဂရီကောလိပ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၏ ပညာရေးဒီဂရီကောလိပ်အတွင်း ၂၀၂၃ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို (၁၈-၆-၂၀၂၃) ရက်နေ့ ၊ နံနက် (၈:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

    ထိုမိုးရာသီသစ်ပင်စိုက်ပွဲတော်သို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးမှူး ဦးမင်းဆွေနှင့် ဝန်ထမ်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ သစ်တောဦးစီးဌာနနှင့် ပြည်ခရိုင်မှ သစ်တောဝန်ထမ်းများ၊ စုစုပေါင်းအင်အား (၅၀၀) ဦးခန့်တက်ရောက်ကြပါသည်။ မိုးရာသီသစ်ပင်များစိုက်ပျိုးရာတွင် ပညာရေးဒီဂရီကောလိပ်၏ နယ်နိမိတ်တွင် လေကာတန်းအဖြစ် ရတနာတန်းဝင်ဖြစ်သည့် ကျွန်း၊ ပျဉ်ကတိုးနှင့် ကြီးမြန်သစ်ပင်ဖြစ်သော မန်ဂျန်ရှားအပါအဝင် စုစုပေါင်းအပင် (၉၂၀) ပင်ကိုစိုက်ပျိုးခဲ့ပြီး ပညာရေးဒီဂရီကောလိပ်အတွင်း လမ်းဘေးဝဲယာတွင် အရိပ်ရပန်းအလှပင်များဖြစ်သည့် ကံ့ကော် (၁၀၃) ပင်၊ ခရေ (၁၅၈) ပင်၊ တမာ (၁၃၁) ပင်၊ စုစုပေါင်း (၃၉၉) ပင်စိုက်ပျိုးခဲ့ပြီး အပင်စုစုပေါင်းမှာ (၁၃၁၁) ပင်ကို စုပေါင်း၍စိုက်ပျိုးကြကြောင်း သိရပါသည်။

DOCA(ပဲခူး)