Main menu

ပြည်ခရိုင်အတွင်း ရေထွက်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန ၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲခွင့်ရရှိနိုင်စေရေး ရည်ရွယ်၍ ဈေးကွက်အတွင်း ထုတ်ပိုးရောင်းချနေသော ရေထွက်ပစ္စည်းများဖြစ်သည့် (ငံပြာရည် ၊ ငပိ) စသည် တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖြင့် ရောင်းချမှုရှိစေရေးအတွက် ပြည်ခရိုင် အတွင်း မြို့နယ်များရှိ ဈေးကွက်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိရာ (၁၉.၆.၂၀၂၃)နေ့တွင် ပြည်ခရိုင်အတွင်း မြို့နယ်များဖြစ်သော ပန်းတောင်းမြို့ပေါ်ရှိ ရပ်ကွက် လက်လီကုန်စုံဆိုင်များသို့လည်းကောင်း ၊ ပြည်မြို့နယ်ရှိ ကိုးသောင်းစည်ပင်သာယာဈေးသို့ လည်းကောင်း ၊ ပေါက်ခေါင်းမြို့နယ်ရှိ မြို့မ စည်ပင်သာယာဈေးသို့လည်းကောင်း ၊ ရွှေတောင်မြို့ နယ်ရှိ စက်ရုံနယ်မြေအတွင်း စံပြရပ်ကွက်ရှိ လက်လီကုန်စုံဆိုင်များသို့လည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် ကွင်းဆင်းသွားရောက်၍ ရေထွက်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်မှုရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

   ယင်းသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ထုတ်ပိုးထားသော ရေထွက်ပစ္စည်းများ ရောင်းချနေသည့် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန် အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များပြည့်စုံစွာပါရှိသော ကုန်စည်များကိုသာ ရောင်းချကြရန် ၊ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံ အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့) ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် စသည့်အချက်များအား မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရောင်းချကြရန် ၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူ ရောင်းချခြင်းမပြုကြရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့် အသေးစိတ်အချက်အလက်များ ပါဝင်သည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင် များဖြန့်ဝေခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)