Main menu

သီပေါမြို့နယ်၊ လူထုအခြေပြုဗဟိုခန်းမတွင် Online Shopping နှင့်ပတ်သက်၍ စားသုံးသူများအား အသိပညာပေး

Powered by Drupal

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၁၉-၆-၂၀၂၃) ရက်နေ့တွင် သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက် (၉း၀၀) နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (BookClub)၊ အမျိုးသမီးအသင်း (Women Club) တို့ပူးပေါင်း၍ Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများရင်ဆိုင်ကြုံတွေ့ရသည့်အချက်များကို အသိပညာပေးဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ခင်နီလာစိုး (ဦးစီးအရာရှိ)က အသိပညာပေးဆွေနွေးပွဲပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ‌ဒေါ်လင်းလင်းထွန်း(ဒုတိယဦးစီးမှူး)က Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများရင်ဆိုင်ကြုံတွေ့ရသည့် အချက်(၇)ချက်တို့ကို အသေးစိတ်အသိပညာပေးဆွေးနွေးခဲ့ရာ Club အဖွဲ့ဝင်များဖြစ်ကြသော ဌာနဆိုင်ရာများ၊ စာပေဝါသနာရှင်များ၊ ဆွေးနွေးပွဲတက်ရောက်သူများကလည်း သိရှိလိုသည့်အကြောင်းအရာများကိုမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)