Main menu

ငါန်းဇွန်မြို့အထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

    ငါန်းဇွန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ဇွန်လ(၁၉)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဥပဒေ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ဟောပြောဆွေးနွေးပွဲတွင်ရှေးဦးစွာ မြို့နယ်ဥပဒေအရာရှိ ဦးရဲထက်နိုင်မှ မူးယစ်ဆေးဝါးနှင့် လူငယ်များခေါင်းစဉ်ဖြင့် လူငယ်လူရွယ်များ မူးယစ်သားကောင်ဖြစ်ရပုံနှင့် မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်သူများအား အပြစ်ပေးအရေးယူမှုများစသည်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးမှ လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် မှန်ကန်သောဘဝရည်မှန်းချက် ထားရှိပြီး ရည်မှန်းချက်အောင်မြင်ရေးအတွက် မူးယစ်ဆေးအန္တရာယ်ကင်းဝေးပြီး ပညာရည်ပြည့်ဝ အောင် ကြိုးစားကြရန် အသိပညာပေးဟောပြောခဲ့ပါသည်။ ဆက်လက်၍အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးလှိုင်မိုးဟိန်းမှ လူငယ်နှင့်အားကစားခေါင်စဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများသည် ခေါင်းဆောင်မှုစွမ်းရည်ပြည့်ဝစေရေးအတွက် ပညာသင်ယူကြရာတွင် အထောက်အကူဖြစ်စေဖို့ ကိုယ်လက်လှုပ်ရှားအားကစားဖြင့် မိမိကျန်းမာရေးအတွက် ပြုစုပျိုးထောင်သွားကြရန်လိုအပ်ပါကြောင်း စသည်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်သင်းသင်းဆွေမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များကိုဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိသော ကုန်ပစ္စည်းကို ရွေးချယ်ဝယ်ယူတတ်စေရန်အချက်များနှင့် ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများကိုလည်း အရေးဆိုတိုင်ကြားနိုင်သည့်နည်းလမ်းများ စသည်ဖြင့် အကျယ် တဝင့်ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမ(၉)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦး၊  ဌာနဆိုင်ရာ(၆)ဦး၊ စုစုပေါင်း(၂၆၅)ဦးတက်ရောက်ခဲ့ကြောင်းနှင့် ဟောပြောဆွေးနွေးမှုများအပြီးတွင် ကျောင်းရှိကျောင်းမုန့်ဈေးဆိုင်များအား ထုတ်ကုန်များ လုံခြုံစိတ်ချ ရမှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)