Main menu

ဆိပ်ဖြူမြို့နယ်၌ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးကာ အသိပညာပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် (၁၉-၆- ၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ်၊ ကိုးတောင့်အုပ်စု၊ သံဇလုံကျေးရွာရှိ “ဝင်း” အမှတ်တံဆိပ် ဆပ်ပြာရည်လုပ်ငန်းရှင် ဒေါ်ချိုထံသို့သွားရောက်တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြလာစေရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ရောင်းချဖြန့်ဖြူးရန်၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ဆပ်ပြာရည်ပုလင်းများတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်အလက်များ၊  ထားသိုသိမ်းဆည်းခြင်းနှင့် သုံးစွဲရန်နည်းလမ်းများကို ပြည့်စုံစွာဖော်ပြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အကြောင်းအရာများ၊ ပြစ်မှုပြစ်ဒဏ်များကို သိရှိလိုက်နာစေရန် အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)