Main menu

ညောင်ဦးမြို့တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

Powered by Drupal

 ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)ရှိ ပန်းမျိုးတစ်ရာခန်းမတွင် ဇွန်လ(၁၆)ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်၌ ညောင်ဦးခရိုင်စားသုံးသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့်  လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။

  ဟောပြောဆွေးနွေးပွဲတွင်ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီး မှူး ဒေါ်စန်းယုမော်မှ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ခေါင်း စဉ်ဖြင့် ဟောပြောရာတွင် မျက်မှောက်ခေတ်တွင် ပလတ်စတစ်များသုံးစွဲမှုများပြားခြင်းကြောင့် မြေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုများအား အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုးမှ မူးယစ်အန္တရာယ်ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက်ခေါင်းစဉ်ဖြင့် မူးယစ်ဆေးသုံးစွဲခြင်း ကြောင့် နိုင်ငံ့သားကောင်းရတနာကျောင်းသား၊ ကျောင်းသူများ  မပျက်စီးစေရေးနှင့် ဆေးလိပ်၊ ကွမ်းယာမှအစ စမ်းသပ်မသုံးစွဲကြရန် ဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊  ဦးသန်းစိုး(ဦးစီးအရာရှိ)မှ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်ပြီး အသိပညာများအား အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ ဟောပြောဆွေးနွေးမှုများနှင့်ပတ်သက်၍ မိမိတို့သိရှိလိုသည့်အကြောင်းအရာများအား မေးမြန်း ဆွေးနွေးရာ သက်ဆိုင်ရာဌာနတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမ(၉)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦး၊ ကျောင်းမုန့် ဈေးရောင်းချသူ(၁၅)ဦး၊ ဌာနဆိုင်ရာ(၄)ဦး၊ စုစုပေါင်း(၂၇၈)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ ဟောပြောဆွေးနွေးမှုများအပြီးတွင် ကျောင်းရှိကျောင်းမုန့်ဈေးဆိုင်များအား ထုတ်ကုန်များ လုံခြုံ စိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(မန္တလေး)