Main menu

ဆင်ဖြူကျွန်းမြို့မဈေး၌ ကုန်အညွှန်းအမှတ်အသားများအကြောင်း အသိပညာပေးဆွေးနွေး

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၉-၆-၂၀၂၃) ရက်နေ့တွင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မဈေးမှ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့်ပူးပေါင်း၍ ဈေးသူ/ဈေးသားများနှင့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စလင်းမြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)က ဈေးသူ/ဈေးသားများနှင့် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ၎င်းညွှန်ကြားချက်ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ဆိုင်တင်ရောင်းချကြရန်နှင့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးရန်မသင့်ဟု တားမြစ်ထားသောစားသောက်ကုန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသောကုန်စည်များကို ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန်၊ စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိတို့ကို မိမိတို့တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း  အသေးစိတ်ရှင်းလင်းဆွေးနွေးပြီးနောက် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)