Main menu

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် (၆/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဆွေးနွေးပွဲကျင်းပ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေး ခန်းမ၌ (၂၅.၅.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၁:၀၀)နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ (၆/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း (၁၀) ဦး တက်ရောက်ခဲ့ပါသည်။

      အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ဦးစီးမှူးဒေါ်ဝင်းဝင်းသန်းက သာမန်အသုံးစရိတ်စာရင်းတွင် အသုံးပြုမည့် ဘတ်ဂျက်ခေါင်းစဉ်အမှတ်အသားများအကြောင်းများထဲမှ လက်ရှိတွင် ငွေစာရင်း ခေါင်းစဉ် (၇) မျိုးရှိကြောင်း၊ ၀၁-၀၀ ငွေစာရင်းခေါင်းစဉ်တွင် လစာ၊ စရိတ် ချီးမြှင့်ငွေစသည်များတွင် ၀၁-၀၁ ငွေစာရင်းခေါင်းစဉ်တွင် လစာ‌ငွေ၊ ၀၁-၀၂ ငွေစာရင်းခေါင်းစဉ်တွင် စရိတ်ချီးမြှင့်ငွေ စသည်များ၊  ၀၂- ၀၀ ငွေစာရင်းခေါင်းစဉ်တွင် ခရီးသွားလာစရိတ်တွင် ၀၂-၀၁ ငွေစာရင်းခေါင်းစဉ်တွင် ပြည်တွင်း ခရီးစရိတ်၊ ၀၂-၀၂နိုင်ငံခြားသွား ကိုယ်စားလှယ်စရိတ်တွင် ခရိုင်ရုံးများတွင် အသုံးပြုခြင်းမရှိကြောင်း၊ ၀၃-၀၀ ငွေစာရင်းခေါင်းစဉ်တွင် ခေါင်းစဉ် (၃၈)ခုထဲမှ ခရိုင်အနေဖြင့် အသုံးပြုသည်မှာ (၁၃)ခုရှိ ကြောင်း၊ ၀၃-၀၁ လုပ်အားအတွက် ကုန်ကျစရိတ်ငွေစာရင်းခေါင်းစဉ်တွင် အခွန်အခ၊ ၀၃-၀၂ငွေ စာရင်း ခေါင်းစဉ်တွင် အခွန်အခအကြောင်း၊ ၀၃-၀၄ ငွေစာရင်းခေါင်းစဉ်တွင် သယ်ယူပို့ဆောင်ခ၊  ၀၃-၀၅ငွေစာရင်းခေါင်းစဉ်တွင် ရုံးအသုံးအဆောင်ပစ္စည်းများ၊ ၀၃-၀၆ ငွေစာရင်းခေါင်းစဉ်တွင် ဓါတ်ဆီ၊ စက်ဆီ၊ ချောဆီများ၊ ၀၃-၀၇ ငွေစာရင်းခေါင်းစဉ်တွင် တံဆိပ်ခေါင်း၊ ကြေးနန်းနှင့် တယ်လီ ဖုန်းခ၊ ၀၃-၀၈ ငွေစာရင်းခေါင်းစဉ်တွင် လျှပ်စစ်မီးနှင့် ဓါတ်အားခများ၊  ၀၃-၀၉ ငွေစာရင်း ခေါင်းစဉ်တွင် စာအုပ်၊ စာနယ်ဇင်းနှင့် သတင်းစာများ၊ ၀၃-၁၂ ငွေစာရင်းခေါင်းစဉ်တွင် ဝတ်စုံစရိတ်၊  ၀၃-၁၃ ငွေစာရင်းခေါင်းစဉ်တွင် လုပ်ငန်းသုံးပစ္စည်းများနှင့်  ၀၃-၂၀ ငွေစာရင်း ခေါင်းစဉ်တွင် ပုံနှိပ်ခနှင့် စာအုပ်စာတမ်းများထုတ်ဝေစရိတ်၊ ၀၃-၂၆ ညီလာခံများနှင့် နှီးနှောဖလှယ်ပွဲများ၊ ၀၄-၀၀ ခေါင်းစဉ် (၁၀)ခုအနက် ခရိုင်ရုံးတွင် အသုံးပြုသော ၀၄-၀၁ စက်ကိရိယာတန်ဆာပလာနှင့် ၀၄-၀၄ မော်တော်ယာဉ်များ၊ ၀၅-၀၀ တွင် ခေါင်းစဉ် (၁၁)ခုအနက် ခရိုင်ရုံးတွင် အသုံးပြုသော ၀၅-၀၆ ပညာပေးသင် တန်းခေါင်းစဉ် တခုချင်းစီအလိုက်  အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)