Main menu

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ရှမ်းပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား သွားရောက်တွေ့ဆုံလမ်းညွှန်မှာကြားခဲ့

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် (၂၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။

    ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကို အဓိကလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရွက်ရာတွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး (Trade Facilitation)၊ ကုန်သွယ်မှုမြှင့်တင်ရေး (Trade Promotion)၊ ကုန်သွယ်မှုဖြေလျော့ပေးရေး (Trade Librealization) အချက်(၃)ချက်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုဆိုင်ရာသတင်းအချက်အလက်များကို စုဆောင်းသိရှိရန်လိုအပ်ကြောင်း၊ အလားအလာရှိသောသီးနှံများ၏ သတင်းအချက်အလက်များကိုလည်း လေ့လာပြုစုရန်လိုအပ်ကြောင်း၊ ပြည်တွင်းပြည်ပရောင်းဝယ်နေသည့် သီးနှံများ၏အချက်အလက်များကို သိရှိထားရမည်ဖြစ်ကြောင်း၊  ရှမ်းပြည်နယ်သည် ပြည်တွင်းပြည်ပသို့တင်ပို့နေသည့် သီးနှံအများအပြား ထွက်ရှိကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် ကူညီပံ့ပိုး၍ MSME လုပ်ငန်းရှင်များနှင့် အမြဲမပြတ်ထိတွေ့ရန်လိုအပ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း အသင်းအဖွဲ့များ၊ သီးနှံအစုအဖွဲ့များ၊ ကုန်စည်ဒိုင်များဖွဲ့စည်းထားသော်လည်း လှုပ်ရှားဆောင်ရွက်မှုနည်းပါးနေကြောင်း၊ ကုန်စည်ဒိုင်များကို ပြန်လည်ဖွဲ့စည်းပေးရန်လိုအပ်ကြောင်း၊ လိုအပ်ပါက သီးနှံအစုအဖွဲ့များ၊ MSME အစုအဖွဲ့များဖွဲ့စည်းပေးရန်ဖြစ်ကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ရေးအတွက် အင်တိုက်အားတိုက်ကူညီဆောင်ရွက်ပေးရေးနှင့် ကုန်သွယ်မှုဆိုင်ရာသတင်းအချက်အလက်များစုဆောင်းရေး၊ အလားအလာရှိသောသီးနှံများ၏ အချက်အလက်များစုဆောင်းရေးဟူသော အချက်(၃)ချက်ဖြင့် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုသတင်းအချက်အလက်စုဆောင်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် ပြည်နယ်ဦးစီးမှူးက မြို့နယ်အလိုက် တာဝန်ခွဲဝေပေးအပ်ရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲကို နံနက် (၁၀:၁၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(ရှမ်း)