Main menu

စားသုံးသူများအနေဖြင့် ပညာရေးဝန်ဆောင်မှု ရယူခြင်းမပြုမီ အလေးထား ဆောင်ရွက်ရမည့် အချက်များ

Powered by Drupal

၁။      စားသုံးသူများအနေဖြင့် မိမိရယူမည့် ပညာရေးဝန်ဆောင်မှုလုပ်ငန်း၏ သင်ကြားမှုနှင့်ပတ် သက်သည့်အချက်အလက်များကို သင်တန်းတက်ရောက်ခြင်း မပြုမီ သိရှိရန်အတွက် ပညာရေး ဝန်ဆောင်မှုလုပ်ငန်း၏ ကြိုတင်အသိပေးကြေညာမှုများကို အသေးစိတ်လေ့လာ၍ ကျေနပ်လက်ခံနိုင်မှသာ ယင်းဝန်ဆောင်မှုကို ရယူရန်။

၂။       စားသုံးသူများအနေဖြင့် သဘောတူညီမှုစာချုပ်တွင် လက်မှတ်ရေးထိုးခြင်း မပြုမီ မိမိရယူ မည့် ပညာရေးဝန်ဆောင်မှုလုပ်ငန်း၏ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ငွေပြန် အမ်းမှုဆိုင်ရာ မူဝါဒ တို့ကို နားလည်သဘောပေါက်အောင် တိကျသေချာစွာ ဖတ်ရှုရန်။

၃။      စားသုံးသူများအနေဖြင့် ပညာရေးဝန်ဆောင်မှုကို ရယူမည်ဆိုပါက ချုပ်ဆိုမည့် သဘောတူညီမှုစာချုပ်များတွင် သဘောတူလက်မှတ်ရေးထိုးခြင်း မပြုမီ အောက်ပါအချက်အလက်များ ပါဝင်မှု ရှိ၊ မရှိ စိစစ်လေ့လာ၍ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် မှန်ကန် မျှတမှုရှိသည့်စာချုပ်ဖြစ်မှသာ ချုပ်ဆိုသွားရန်-

     (က)    သင်ကြားပို့ချမည့် ပညာရပ်၊ သင်ကြားပို့ချမည့် အချိန်ကာလ၊ မည်သည့် အဖွဲ့အစည်းက ထောက်ခံထားသည့် သင်တန်း၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမ တို့နှင့် သက်ဆိုင်သည့် အချက်အလက်များ။

     (ခ)     သင်တန်းကြေးပေးသွင်းရမည့် ငွေပေးချေမှုနည်းလမ်း နှင့် ငွေပေးသွင်းရမည့် အချိန်ကာလ သတ်မှတ်ချက်။

   (ဂ)     ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးဝန်ဆောင်မှုကို ရယူအသုံးပြုခြင်း မရှိသေးပါက ကြိုတင်ပယ်ဖျက်ခွင့်ပြုနိုင်ရေး အချိန်ကာလတစ်ခု သတ်မှတ်ချက်နှင့် ဝန်ဆောင်မှုကို အသုံးပြုသူအနေဖြင့် အဆိုပါသတ်မှတ်ရက်အတွင်း ပယ်ဖျက်ပါက သင်တန်းကြေးအဖြစ် ပေးသွင်းထားသည့် ငွေပမာဏများ ပြန်လည်ပေးအပ်မည့် အစီအစဉ်နှင့် သတ်မှတ်ရက်ကျော်လွန်မှ ပယ်ဖျက်ပါက ပြန်လည်ပေးအပ်မည့် အစီအစဉ်များ။

   (ဃ)    သင်ကြားမှုနှင့်ပတ်သက်သည့် သင်ထောက်ကူပစ္စည်းများ၊ စာရွက်စာတမ်းများ၊ စာမေးပွဲကြေးများ နှင့် ပတ်သက်၍ ပေးသွင်းရမည့် အခကြေးငွေများကို ပေးချေရမည့် နည်းလမ်းနှင့် ပုံစံများဖြင့် ပေးသွင်းရမည့် အချက်အလက်များ။

   (င)     သင်တန်းဖွင့်လှစ်မည့် နေရာဒေသ နှင့် သင်တန်း အချိန်ကာလ။

   (စ)     သင်ကြားမှုပုံစံ နှင့် နည်းစနစ်များကို လေ့လာနိုင်ရန် အခွင့်အရေးပေးထားသည့် အချိန်ကာလ။

   (ဆ)    ပညာရေးဝန်ဆောင်မှု ရယူပြီးနောက် ကြေညာထားသည့် အချက်အလက်များ ပြောင်းလဲခြင်းဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာ ကျောင်သားမိဘများ နှင့် ညှိနှိုင်း၍ ရာခိုင်နှုန်းမည်မျှသဘောတူညီမှသာ ဆက်လက်ဆောင်ရွက်မည်ဆိုသည့် သတ်မှတ်ချက်များ။

   (ဇ)     ပညာရေးဝန်ဆောင်မှုလုပ်ငန်းများမှ ကြော်ငြာထားသည့် အချက်အလက်များမှာ အမှန်တကယ်ရရှိသည် နှင့် ကိုက်ညီမှုမရှိပါက စားသုံးသူများအား ပြန်လည်ကုစား ပေးမည့် သတ်မှတ်ချက်များ။

စားသုံးသူရေးရာဦးစီးဌာန