Main menu

ရွှေဘိုခရိုင်၏ (၅/၂၀၂၃)လအတွင်း ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်မှုအခြေအနေ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိစေရေး၊ သက်တမ်းလွန်သည့်ကုန်စည်များနှင့် စားသုံးရန်/သုံးစွဲရန်မသင့်သော ကုန်စည်များရောင်းချခြင်းရှိစေရေး၊ တရားမဝင်တင်သွင်းလာသည့် ကုန်စည်များ ရောင်းချခြင်းရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

    ရွှေဘိုခရိုင်အနေဖြင့် (၅/၂၀၂၃)လအတွင်း ဒု-ခရိုင်ဦးစီးမှူးမှဦးဆောင်၍ ဝန်ထမ်း(၃)ဦးတို့သည် အမှတ်(၁၀)ရပ်ကွက်၊ သရက်ခြံရပ်၊ ရွှေဘိုမြို့ရှိမုန့်မျိုးစုံအရောင်းဆိုင်သို့လည်းကောင်း၊ ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း(၃)ဦးတို့သည်၊ အမှတ်(၃)ရပ်ကွက်၊ ရွှေဘိုမြို့ရှိ မုန့်မျိုးစုံအရောင်း ဆိုင်သို့လည်းကောင်း၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် အမှတ်(၅) ရပ်ကွက်၊ ရွှေဘိုမြို့ရှိ ကိတ်နှင့်မုန့်မျိုးစုံအရောင်းဆိုင်သို့လည်းကောင်း၊ ဝက်လက်မြို့နယ်တာဝန်ခံမှ အမှတ်(၂)ရပ်ကွက်၊ ဝက်လက်မြို့ရှိ ကုန်စုံဆိုင်သို့လည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာ၌ မုန့်မျိုးစုံအရောင်းဆိုင်နှင့် ကုန်စုံဆိုင်များတွင် ရောင်းချသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပြည့်စုံမှုရှိသည့်အပြင် သက်တမ်းလွန်သည့် ကုန်စည်များရောင်းချမှုမရှိကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် ဌာနက ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့် ဌာနကဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအကြောင်းကို အကျယ်တဝင့်အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)