Main menu

ရွှေဘိုခရိုင် (၅/၂၀၂၃)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှု အခြေအနေ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” မျှော်မှန်းချက်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူး ဦးဆောင်၍ ၂၀၂၃ခုနှစ်၊ မေလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၄) ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

    (၄.၅.၂၀၂၃)ရက်နေ့တွင် ရွှေဘိုမြို့၊ သရက်ခြံရပ်ကွက်ရှိ ဝေဝေထွန်းကုန်မျိုးစုံနှင့် စတိုးလုပ်ငန်းရှင်၊ (၂၃.၅.၂၀၂၃)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မေခမုန့်မျိုးစုံလုပ်ငန်းရှင်၊ (၂၄.၅.၂၀၂၃)ရက်နေ့ တွင် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဝင်းကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းရှင်၊ (၂၅.၅.၂၀၂၃)ရက်နေ့တွင် ဝက် လက်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေဟင်္သာမင်းမုန့်မျိုးစုံလုပ်ငန်းရှင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စုစုပေါင်း စီးပွားရေးလုပ်ငန်းရှင် (၄)ဦးအား စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအပြင် အထက်ဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊  ကုန်စည်ကိုရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားသည့် ကုန်စည်များ ကိုသာ ရောင်းချကြရမည်ဖြစ်သဖြင့် ကုန်အညွှန်းအမှတ်အသားတွင် ထည့်သွင်းဖော်ပြရမည့် အချက်များကို သိရှိရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဥပဒေပါအချက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းများ၊ စား သုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center (1535) သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း  ရှင်းလင်းဆွေးနွေးခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်မှသိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည့်အ ပေါ် ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)