Main menu

အစားအသောက်ဘေးကင်းလုံခြုံရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်

Powered by Drupal

   မကွေးတိုင်းဒေကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် (၂၄-၅-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ အစားအသောက်ဘေးကင်းလုံခြုံရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါ Talk Show တွင် ရေစကြိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒု-ဦးစီးမှူး ဦးသန်းမြင့်က Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက်  စားသုံးသူရေးရာဦးစီးဌာန၊ ရေစကြိုမြို့နယ်တာဝန်ခံ ဦးမြတ်မင်းက စားသုံးသူများသည် အစားအသောက်ဝယ်ယူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ အခန်း(၁၈)၊ ဥပဒေပုဒ်မ(၄၁)တွင် ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၌ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထည့်သွင်းဖော်ပြထားသည့်အချက်များကို ကြည့်ရှုပြီး ရွေးချယ်စားသောက်သင့်ပါကြောင်း၊ အခန်း(၁၁)၊ ဥပဒေပုဒ်မ(၂၃)တွင် ပြဋ္ဌာန်းထားသည့်ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်နှင့် အခန်း(၁၃)၊ ဥပဒေပုဒ်မ(၂၆)တွင် ပြဋ္ဌာန်းထားသည့် စားသုံးသူများအား ဝန်ဆောင်မှုပေးခြင်းအပေါ် စီးပွားရေးလုပ်ငန်းရှင်က အာမခံပေးခြင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍ အခန်း(၁၂)၊ ဥပဒေပုဒ်မ(၂၄)နှင့် အခန်း(၁၄)၊ ဥပဒေပုဒ်မ(၂၇)တို့အရ စားသုံးသူများက အာမခံပေးထားမှုအပေါ် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ဆုံးရှုံးနစ်နာမှုဖြစ်ပေါ်ပါက တောင်းဆိုနိုင်သည့်အခွင့်အရေးများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)