Main menu

သရက်ခရိုင်၊ ကံမမြို့နယ်၌ စက်သုံးဆီဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေး

Powered by Drupal

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်း(ဒု-ဦးစီးမှူး)သည် (၂၀-၅-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကံမမြို့နယ်၊ ကျွန်းကလေးအုပ်စု၊ အုတ်ဖိုကျေးရွာ၊ ဦးကျော်မိုးလွင်(ဆယ်စုသစ်)စက်သုံးဆီဆိုင်သို့ စက်သုံးဆီများဖြန့်ဖြူးရောင်းချလျက်ရှိသောအရောင်းဆိုင်၌ သတ်မှတ်ထားသည့်ရည်ညွှန်းဈေးနှုန်းထက် ပိုမိုမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် အချိန်အတွယ်မှန်ကန်မှုရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက စက်သုံးဆီရောင်းချဖြန့်ဖြူးလျက်ရှိသော “ဆယ်စုသစ်” ဆီဆိုင်သို့သွားရောက်ပြီး လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ သုံးစွဲသူပြည်သူအများ စက်သုံးဆီဝယ်ယူမှုအဆင်ပြေစေရေး စက်သုံးဆီများဖြန့်ဖြူးရောင်းချရာ၌ စက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ (PPRD) မှ အခြေခံသတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုစေရေး၊ အချိန်အတွယ်မှန်ကန်စေရေး၊ နေ့စဉ်ရောင်းချဖြန့်ဖြူးနေ သည့်စက်သုံးဆီဈေးနှုန်းများအား အများပြည်သူမြင်သာအောင် သိရှိစေရန် (LED Board) ဖြင့် ပွင့်လင်းမြင်သာအောင် စီစဉ်ပြသထားရှိစေရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(မကွေး)