Main menu

သရက်ခရိုင်၊ ကံမမြို့၌ စားသုံးသူများ‌ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ Talk Show ဆောင်ရွက်ခြင်း

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ ကံမမြို့ရှိ ဈေးကွက်များအတွင်း ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များအားဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက်(၂၃-၅-၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် သရက်ခရိုင်ရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ် တာဝန်ခံ၊ ဒုဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ များဖြင့်ပူးပေါင်း၍ ကံမမြို့ရပ်ကွက်(၃/၄)ရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များတွင်စားသုံးရန်၊ သုံးစွဲရန်မသင့်သော အစားအသောက်များ၊ ဈေးကွက်အတွင်းရောင်းချနေမှုရှိ/မရှိနှင့် တရားမဝင်တင်သွင်းလာသည့် ကုန်စည်များ၊ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းရောင်းချမှုမရှိ စေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက ကုန်မျိုးစုံရောင်းချနေသော ဆိုင်ရှင်များအား စားသုံးရန်၊ သုံးစွဲရန်မသင့်သောအစားအသောက်များ၊   ဈေးကွက်အတွင်း တင်သွင်း ရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈) ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့်  ကုန်စည်များသာရောင်းချရန်၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာဖော်ပြသည့် ကုန်စည်များရောင်းချရန်နှင့် တရားမဝင်တင်သွင်းလာသည့် ကုန်စည်များ၊ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းမပြုရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပါသည်။

          ဆက်လက်၍ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် ကံမမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသိပညာပေး Talk Show အစီအစဉ်ဖြင့် ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူများ စားသုံးသူပြည်သူများ Online Shopရောင်းဝယ်မှု ပြုလုပ်ရာတွင် လိမ်ညာမှုများ မဖြစ်စေရေး အတွက် သတိပြုရမည့်အချက်များနှင့် လိမ်ညာလှည့်စားမှုများ ခံစားရပါကလည်း မိမိတို့ စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် အသိပညာပေးခြင်းလုပ်ငန်းများအပြင် နစ်နာဆုံးရှုံးမှုများအား ကူညီကုစားပေးလျက်ရှိပါသောကြောင့် မိမိတို့ဌာန၏ Facebook စာမျက်နှာ၊ Website ဖြစ်သော www.doca.gov.mm နှင့် 1535 Call Center သို့ခေါ်ဆို၍ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)