Main menu

ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းမရှိ လက်ပံတန်းမြို့ပေါ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မင်းရပ်ရပ်ကွက်၊ လမ်းမ တော်လမ်းရှိ သိန်းသန်း  Market ၌ ရောင်းချနေသော ရေထွက်ပစ္စည်းများအား ကုန်အညွှန်း အမှတ် အသားများ ပြည့်စုံစွာဖော်ပြခြင်းမရှိ /မရှိ ကို ၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ခရိုင်စားသုံးထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် တာဝန်ရှိသူများ သွားရောက်ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          စားသုံးသူပြည်သူများအနေနှင့် ကုန်စည်များဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေ ရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း၁၀ ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာ ဖော်ပြရန် ထားသို သိမ်းဆည်းပုံအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးသည့် ရက်စွဲများ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဥပဒေအခန်း ၁၀ ပါ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာ စောင်များဖြန့်ဝေခဲ့ပါကြောင်း သိရှိရသည်။

DOCA(ပဲခူး)