Main menu

သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကျင်းပပြုလုပ်

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှုးရုံးမှ ဝန်ထမ်းများ၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၃.၅.၂၀၂၃)ရက်နေ့၊ နံနက်(၉:၃၀)တွင် ပြည်မြို့နယ်ဒေသကွပ်ကဲရေး စစ်ဌာနချုပ်ရှိ အားကစားကွင်းအတွင်းတွင် ကျင်းပ ပြုလုပ်သော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ထိုဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ ပြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ လျှပ်စစ်ဝန်ကြီးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန နှင့် အခြားဌာနဆိုင်ရာများ တက်ရောက်ကြပါသည်။

ထိုအခမ်းအနားတွင် ဌာနဆိုင်ရာအသီးသီးရှိဝန်ထမ်းများအား ကယ်ဆယ်ရေးအဖွဲ့၊ ပြန်လည် ထူထောင်ရေးအဖွဲ့၊ ကျန်းမာရေးအဖွဲ့စသည့်အဖွဲ့များအား ဖွဲ့စည်းတာဝန်ပေးအပ်ထားပါသည်။ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဇာတ်တိုက်လေ့ကျင့်ထားသည့်အတိုင်း စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားရန် (ဒကစမှူး) က မိန်ခွန်းပြောကြားပြီးနောက် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ပစ္စည်းများ ရွေ့ပြောင်းတင်ပို့ရာတွင် ထိခိုက်ဒဏ်ရာ ရရှိမည့်လူနာများ သယ်ပို့ရာတွင် အသုံးပြုမည့် မော်တော်ယဉ်များအား ကားများ၏ ကိုယ်ထည် ခိုင်ခန့်မှု ရှိ/မရှိ နှင့် စက်ပစ္စည်းများ ကောင်းမွန်မှု ရှိ/မရှိ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအား နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် အခမ်းအနား ပြီးဆုံးကြောင်း သိရှိရပါသည်။

DOCA (ပဲခူး)