Main menu

မြစ်ကြီးနားမြို့နယ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      ၅.၁.၂၀၂၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်အတွင်းရှိ လျှပ်စစ်ပစ္စည်းနှင့် အိမ်သုံးပစ္စည်းများ ဖြန့်ဖြူးရောင်းချသည့် လက်လီလက်ကားအရောင်းဆိုင်များသို့ သွားရောက်ပြီး ပြည်ပမှ တရားတင်သွင်းလာသော ရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်အညီ ဆောင်ရွက်ထားသော ကုန်စည်များအား ရောင်းချနေမှု ရှိ/မရှိအခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တရားဝင်တင်သွင်းထားသော လျှပ်စစ်ပစ္စည်းများသာ ရောင်းချလျက်ရှိကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားနှင့်ညီသော ပစ္စည်းများကိုသာရောင်းချလျက်ရှိကြောင်း သိရှိခဲ့ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်