ပြည်တွင်းကုန်သွယ်မှုသတင်းများ
ဇီးသီးပင်များကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသော်လည်း အပူပိုင်းဒေသ မန္တလေး၊ စစ်ကိုင်းနှင့်မကွေးနယ်ပယ်တွင်အများဆုံး စိုက်ပျိုးဖြစ်ထွန်းကြောင်းသိရှိရပါသည်။ ဇီးသီးပင်များ သည် ပူပြင်းခြောက်သွေ့သောရာသီဥတုကို နှစ်သက်သည်။ ဇီးသီးအများဆုံးထွက်ရှိသောရာသီမှာ ဆောင်းရာသီဖြစ်သည်။

ထားဝယ်မြို့ စည်ပင်သာယာစျေးတွင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကို ရောင်း ချလျက်ရှိရာ ကုန်စိမ်းသီးနှံများဖြစ်သည့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ပြောင်းချို၊ မုန်ညင်းထုတ်၊ ခါကြက်ဉ၊ သံပုရာသီးနှင့် တိုင်ထောင်ဗိုလ်စားပဲသီးတို့အပြင် ငရုတ်သီးစိမ်း၊ ပန်းငရုတ်ပွစသည့်အသီး အနှံများကိုလည်း ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊

ထားဝယ်မြို့၏ စျေးကွက်အတွင်း ကြံရည်စျေးကွက်မှာလည်း စျေးကောင်းလျှက် ရှိကြောင်း သိရှိရပါသည်။ ကြံကို ထားဝယ်မြို့အနီးတစ်ဝိုက် ကျေးရွာများတွင် တစ်နိုင်တပိုင် စိုက်ပျိုးကြသည့် အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။

ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားရုံတွင် (၂၃-၁၂-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်မှစ၍ ပင်စင်လစာထုတ်(အငြိမ်းစား)ဝန်ထမ်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှကြီးကြပ်၍ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူပေါင်းပြီး ပင်စင်လစာထုတ်(အငြိမ်းစား)ဝန်ထမ်း တစ်ဦး

တောင်ကြီးမြို့ရှိ အမှတ်(၅)ဈေး၊ (၅)ရက်ဈေးနှင့် မြို့မဈေးကြီး ကုန်စိမ်းဈေးတန်းများတွင် ဖက်ပွင့်(ခ) ဖက်သန်းပွင့်များကို အပွင့်လိုက်၊ အတွဲလိုက်ရောင်းချကြောင်းသိရှိရပြီး (၁၀)ပွင့်လျှင် (၁၅၀ဝိ/-)ကျပ်ဖြင့်လည်းကောင်း၊ (၂)ပွင့်ချင်းစီတွဲထားသော(၅)တွဲပါ(၁)တွဲလျှင်(၁၀၀ဝိ/-)ကျပ်နှုန်း ဖြင့်လည်းကောင်းရောင်းချကြောင်းသိရှိရပါသည်။<
