ပြည်တွင်းကုန်သွယ်မှုသတင်းများ
ဆီးသီးအမျိုးပေါင်းများစွာရှိသည့်အနက်မှ လေးပင်ဆီးသီးကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ရွှေစက်တော်ဘုရားသို့သွားသည့် လမ်းမကြီးပေါ်ရှိ လေးပင်ရွာမှထွက်ရှိပါသည်။ လေးပင်ဆီးသီးသည် အခြားဆီးသီးများနှင့်မတူဘဲ အရသာမှာ အသီးသီးစကပင် ကြွပ်ပြီးချိုသော အရသာရှိပါသည်။ အသီးရင့်မှည့်လာသည်နှင့်တစ်ပြိုင်တည်း အသီးတွင် အပွေးများတက်ကာ အ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်အတွင်းရှိ ဝန်ထမ်းအိမ်ရာများသို့ ဆန်၊ ဆီ၊ သားငါး၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တက္ကသိုလ်၊ ကောလိပ်များရှိ သင်ကြားစီမံဝန်ထမ်းများအား ဆန်၊ ဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းတွင် ကွန်ပျူတာ တက္ကသိုလ်(တောင်ငူ)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(တောင်ငူ) တို့တ

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ အလယ်ပိုင်း ရပ်ကွက်တွင် မိသားစုတစ်နိုင်တစ်ပိုင် ပေါင်မုန့် ထုတ်လုပ်ခြင်းနှင့် မုန့် အမျိုးမျိုးပြုလုပ် ရောင်းချခြင်းမှစားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း ပန်းတနော် မြို့ အလယ်ပိုင်းရပ်ကွက် ဒေါ်ခိုင်ဇာလင်း မုန့် ပြုလုပ်ရောင်းချသည့် မိသားစုများထံမှ သိရသည်။

ဧရာဝတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ သောင်းတန်းကျေးရွာ၊ ပေစိကျေးရွာ၊ ရှမ်းစု ကျေးရွာများ တွင် သီးနှံမျိုးစုံ စီးပွားဖြစ်စိုက်ပျိုးသူ များပြားပြီး သခွားသီးနှံကို နှစ်စဉ်စိုက်ပျိုး တိုင်ထောင် စနစ်ဖြင့် စိုက်ပျိုးလျှက် ရှိသည်။ ဟင်းသီးဟင်းရွက်စိုက်ဧက ၁၂၅ ဧကရှိပြီး သခွား စိုက်ဧက ၂၀ ခန့် စိုက်ပျိုးကြောင်း သိရသည်။
