Main menu

ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Jan 2025

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကြီးပင်ကန်ကျေးရွာအုပ်စုရှိ ကြီးပင်ကန်ကျေးရွာသည် စပါးနှင့်ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ တောင်သူများမှ ပဲစဉ်းငုံနီစိုက်ဧက (၅)ဧကခန့်အား သီးညှပ်အဖြစ် ၂၀၂၄ခုနှစ်၊ ဇူလိုင်လတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

27 Jan 2025

          မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ စိုက်တောင်သူများသည် နှစ်စဉ် ကိုင်း၊ ကျွန်းမြေများတွင် ကြက်သွန်နီအပြင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဈေးကွက်ခိုင်မာ လျက်ရှိသော ဂျပန်ပဲယင်း(နီ)ကို စိုက်ဧကမများသော်လည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားကြောင်း ဒေသခံ တောင်သူတစ်ဦးထံမှ သိရသည်။

27 Jan 2025

          ချင်း(ဂျင်း)သည် အိမ်ရှင်မများအတွက် မပါမဖြစ်အသုံးဝင်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ် သည်။ လူအများစုက ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသားဟင်းများချက်ပြုတ်ရာတွင် အသုံးပြုခြင်း၊ ချင်းပေါက်များကို သုပ်၍စားသုံးခြင်းဖြင့် အသုံးပြုမှုများကြပါသည်။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် သည် ချင်းထွက်ရှိမှုမရှိ၍ ရှမ်းပြည်နယ်၊ အောင်ပန်းမ

27 Jan 2025

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစဉ်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲဇီးကွက်၊ ပဲလွန်းပြာ ပဲယင်းဝါနှင့် နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲစဉ်းငုံနီကို ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပဲစဉ်းငုံနီကို သီးညှပ်အဖြစ် စိုက်ပျိုးကြပြီး သက်ကြီး၊ သက်လတ်မျိုးများကို အများဆုံးစိုက်ပ

27 Jan 2025

          မကွေးတိုင်းဒေကြီး၊ ပခုက္ကူကုန်စည်ဒိုင်၌ ပဲစဉ်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲဇီးကွက်၊ ပဲလွန်းပြာ ပဲယင်းဝါနှင့် နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (တတိယပတ်)တွင် ယောပဲယင်းဝါများ စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယောပဲယင်းဝါများကို ဂန့်ဂေါခရိုင်အတွင်းရှိ ကျေးရွာများဖြစ်သ

Pages