ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်း ဆိုင်မှဘိလပ်မြေဈေးနှုန်းဈေးကွက် လက်ကျန်အခြေအနေအား သိရှိနိုင်ရန်(၈.၅.၂၀၂၅) ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်မှAE၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စားသုံးသူ ရေးရာမြို့နယ် တာဝန်ခံ၊ဝန်ထမ်းတို့မှ ပူးပေါင်းကွင်း

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ရှိ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ကြက်သွန်များ စိုက်ပျိုး ထားရှိကြောင်း သိရပါသဖြင့် စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်း၊ ဈေးကွက် အခြေအနေများအား သိရှိနိုင်ပါရန် ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် (၈.၅.၂၀၂၅)ရက် နံနက်ပိုင်း တွင် ကွင်းဆင်းခဲ့ပါသည်။

ပြည်မြို့ရှိ ဈေးကွက်များအတွင်းသို့ ပြည်မြို့အနီးရှိ ကျေးရွာများနှင့် ဉယျာဉ်များမှ သရက်သီးအစိမ်းများ လာရောက်ရောင်းချလျက်ရှိပြီး စားသုံးသူများကဝယ်ယူစားသုံးကြပါသည်။ ပေါ်ခါစဖြစ်၍ သရက်သီးစိမ်းများမှာ အချဉ်ဓါတ်နည်းပြီး မွှေးကြွပ်မှုရှိသဖြင့် ဈေးကောင်းပေး၍ ဝယ်ယူစားသုံးကြပါသည်။ ယခုအချိန်သည် သရက်သီးစိမ်းများစတင်ပေါ်လာသဖြင့် ရန်ကုန

ပြည်ခရိုင် ၊ ပြည်မြို့ရှိ ပန်းဈေးကွက် အနေဖြင့် ယခုအချိန် တွင် ရောင်စုံပန်းများဖြစ်သော ဂန္ဓမာပန်း၊ သစ္စာပန်း၊ နှင်းဆီပန်း ၊ မေမြို့ပန်း အစရှိသဖြင့် ပန်းများဈေးကွက်တွင် ရောင်းချလျှက်ရှိနေပါသည်။ ထိုပန်းများကို ပြည်မြို့ အနီးတဝိုက်ရှိ မှော်ဇာ၊ ကင်းပွန်းခြုံနှင့် ရွှေတောင်မြို့နယ်ရှိ ကသစ်ကိုင်းကျေးရွာများမှ လာရောက် ရောင်းချကြပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီးများ အများအပြားရောင်းချလျက်ရှိကြောင်း၊ လိမ္မော်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံ များမှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။
